Wednesday, November 23, 2016
သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀? (ဗဟုသုတ)
Posted on 3:42 AM by khenmang
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သင် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော
Subscribe to:
Post Comments (Atom)

No Response to "သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀? (ဗဟုသုတ)"
Leave A Reply
na pil na siam na te hong hawm sawn ve.....