Friday, August 26, 2016

မြွေအဆိပ်ကို ခြေဖျက်နိုင်သော ခွေးလှေးယားသီးနက်စေ့

Posted on 3:05 AM by Unknown

မြွေအဆိပ်ကို ခြေဖျက်နိုင်သော ခွေးလှေးယားသီးနက်စေ့
အောက်မြန်မာပြည် ဆေးသုတေသနဦးစီးဌာနမှ ဆေးသုတေသီများဟာ
ခွေးလှေးယားသီးစေ့ဖြင့် မြွေပွေး၏ အဆိပ်ကို ခြေဖျက်နိုင်ကြောင်း စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ထိုစမ်းသပ်မှုကို ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများဖြင့် စနစ်တကျ စမ်းသပ်ခဲ့ပြီး
ခွေးလှေးယားသီအစေ့၏ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် လူကိုသေစေနိုင်သော မြွေပွေးအဆိပ်ရည်များကိုပင် ခြေဖျက်ပေးနိုင်စွမ်း ရှိကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာသာမက မြွေပေါသည့် နိုင်ဂျီးရီးယားနှင့် အခြားအာဖရိကနိုင်ငံတို့မှ မြွှေအကိုက်ခံရသော လူနာတို့အား ဆေးမြီးတိုအဖြစ် ခွေးလှေးယားသီးအစေ့ဖြင့် လက်တွေ စမ်းသပ်ကုသခဲ့ရာ များစွာထိရောက် အောင်မြင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဆေးရုံဆေးခန်းနှင့် အလှမ်းကွာဝေးပြီး အခဲအခဲရှိသည့် တောရွာများမှာ မြွှေအကိုက်ခံရ၍ အရေးကြုံလာလျှင် ဆေးရုံမရောက်မီ မြွှေအဆိပ် သက်သာစေရန်၊ အသက်ကို အချိန်မီ ကယ်တင်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။
ဆေးမြီးတိုဖြင့် အရေးပေါ်ကုသနည်း
(၁) ခွေးလှေးယားသီးစေ့ကို အမှုန့်ကြိတ်၍ မြွေအကိုက်ခံထားရသော
နေရာအား ထည့်ပေးပါ။
(၂) သို့မဟုတ် ၄င်းအမှုန့်ကို အရည်ဖော်၍ လိမ်းပေးပါ။
(၃) ကြိတ်စရာမရှိပါက အစေ့ကို ရေအနည်းငယ်နှင့် သွေး၍ အနာပေါ် လိမ်းပေးပါ။
(၃) အစေ့ ၂ စေ့ခန့်ကို မီးဖုတ်(သို့) လှော်၍ အခွံခွါကာ အဆန်ကို ၀ါးစားပေးပါ။
ခွေးလှေယားသီး(၂)မျိုး
ခွေးလှေးယားသီးမှာ အရိုင်းသီး၊ အယဉ်သီးဆိုပြီး နှစ်မျိုးရှိပါတယ်။ အယဉ်သီးမျိုး ပိုပြီး ဆေးဖက်ဝင်တယ်။ အစေ့က အနက်ရောင်ပါ။
အရိုင်းသီးကတော့ အမွေးပါပြီး ယားတတ်တယ်။ အစေ့က ၀ါဖတ်ဖတ်အရောင်။
အယဉ်သီးဟာ မြွေဆိပ်၊ ကင်းဆိပ်တို့အတွက်သာမက အခြားရောဂါများအတွက်လည်း အသုံးပြုကြပါတယ်။
ခွေးလှေးယားသီးကို အင်္ဂလိပ်ဖြင့် Mucuna pruita လို့ခေါ်ပါတယ်။ Google မှာ ရှာကြည့်လိုက်ရင် နိုင်ငံပေါင်းများစွာမှ ခွေးလှေးယားသီးနဲ့ လုပ်ထားတဲ့ ဆေးမျိုးစုံတို့ကို မြင်တွေ့နိုင်ပါတယ်။
ဆေးရုံဆေးခန်းနှင့်ဝေးလံသော တောရွာဒေသတို့မှာ အရေးကြုံလာပါက ဆေးမြီးတိုနည်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။
( ဒီပို့စ်ကိုလည်း မိမိတို့လက်လှမ်းမီသလောက် Share ပေး၍ လက်ဆင့်ကမ်း မျှဝေပေးနိုင်ကြပါတယ်)
Credit to ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)

No Response to "မြွေအဆိပ်ကို ခြေဖျက်နိုင်သော ခွေးလှေးယားသီးနက်စေ့"

Leave A Reply

na pil na siam na te hong hawm sawn ve.....

About

lungdam mahmah ei