Sunday, November 25, 2012

ရောင်ရမ်းခြင်းကာကွယ်နိုင်သောသဘာဝအစားအစာများ

Posted on 11:39 PM by Unknown


ရောင်ရမ်းခြင်းဆို၍ တံတောင်ဆစ်ရောင်တာလောက်ကိုသာ ဆိုလိုခြင်းမဟုတ်။ Harvard School of Public Health မှ လေ့လာမှုတစ်ခုတွင် ဘယ်လိုရောင်ရမ်းမှုမဆို ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်လျှက်ရှိကြောင်းတွေ့ရသည်။ အောက်ပါအစားအစာများကို အသင့်ပြင်ထားပါ။ ဒါမှသာ ကျွန်တော်တို့ ကျန်းမာရေးကြီး ရောင်ရမ်း မနေမှာဖြစ်၏။

၁။ ဂျုံ၊ စပါး
ဂျုံယာဂု၊ ထမင်း၊ ဆန်လုံးညို၊ ဘာလီ၊ ဂျုံမှုန့် စသည့် ကာဗိုဟိုက်ဒရိက်များသည် နှလုံးကို သန်မာစေပြီး အူမကြီးများကို ကျန်းမာစေလျှက်က အရောင်ရမ်းနေသော တစ်ရှုးများကို ငြိမ်သက်စေသည့် အားသာချက်လည်း ရှိပေသည်။


၂။ ချောကလတ် (Dark chocolate)
သူ့တွင်ပါဝင်သော flavonoids သည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်။ သို့သော် ၎င်းတွင် ပြဿနာက ကယ်လိုရီတွေ များနေခြင်းဖြစ်သည်။ အများကြီးစားလို့တော့မဖြစ်။ “တစ်နေ့ကို ချောကလတ် ဘားတိုလေး တစ်ချောင်းလောက်ဆို လုံလောက်ပါပြီး” ကယ်လီဖိုးနီးယား တက္ကသိုလ် အာဟာရဗေဒဌာနမှ Susan Bowerman က ဆိုသည်။

၃။ နနွင်း(စနွမ်း)
နနွင်းတွင် ပါဝင်သော Curc**in သည် စူးရှသော အရသာနှင့် အရောင်ကို ပေးပြီး အလုံးအကြိတ်များကို တားဆီးသော အရည်အချင်းရှိသည်။ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ၎င်းသည် အယ်လ်ဇိုင်းမား ရောဂါဖွံဖြိုးမှုကို နှောင်းနှေးစေသည်ဟုလည်း တွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ပါပရာကြော်ကို မမေ့သင့်ပါ။

၎။ အဆီများသော ငါး
ငါးတွင် ဦးနှောက်ကို ရောင်ရမ်းခြင်းမှ ကာကွယ်သည့် omega 3 fatty acids များနှင့် ပြည့်လျှက်ရှိသည်။ “သို့သော် မွေးမြူရေးငါးများကိုတော့ ရှောင်ပါ။” Bowerman က ဆိုခဲ့သည်။ ”သူတို့တွင် မကောင်းသော omega 6 fatty acids များ ပါဝင်တတ်သည်။”

၅။ ချယ်ရီသီးများ
ချယ်ရီသီးများနှင့် လုပ်ထားသော မုန့်များကို တစ်ခုစီ စားနေခြင်းသည် ချယ်ရီသီးများကို အကောင်းဆုံးနည်းဖြင့် စားသုံးနေခြင်းမဟုတ်။ US departement of Agriculture မှ ပြသည်မှာ တစ်နေ့ကို ချယ်ရီသီး ၄၅ လုံး စားသုံးခြင်းသည် အရွတ်ရောင်ခြင်း၊ အရိုးရောင်ခြင်းနှင့် ဂေါက်ရောဂါဖြစ်ပွားမှုများကို လျော့နည်းစေသည်ဟူ၍။

၆။ ပန်းသီး
အများသိကြသည့်အတိုင်း ပန်းသီးသည် အစွမ်းထက်၏။ တစ်နေ့ကို ပန်းသီးတစ်လုံးစားခြင်းသည် ကျွန်ူပ်တို့ကို quercetin ဆိုသည့် ဓာတ်များဖြင့် ဖြည့်ဆည်းပေးထားသည်။ ၎င်းသည် ရောင်ရမ်းမှုကို နည်းပါးစေသည်။ ဓာတ်မတည့်မှုများ၊ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်နှင့် အဆုတ်ကင်ဆာ ဖြစ်ပွားနှုန်းကို လျော့နည်းစေသည်။

၇။ သံလွင်ဆီ
ဈေးသက်သာသော်လည်း အကျိုးအမြတ်က မနည်းပါ (စားသုံးဆီ အနေနှင့် သံလွင်ဆီကို ဆိုလိုခြင်းဖြစ်သည်)။ “fatty acidsနှင့် polyphenols တို့သည် ဆဲလ်များနှင့် အဆစ်များမှ ရောင်ရမ်းမှုကို လျော့ကျစေသည်။” ဟု health and fitness coach Lynn Grieger (lynngrieger.com) က ဆိုခဲ့သည်။ သုတေသနများတွင် သံလွင်ဆီသည် ရောင်ရမ်းမှုကို ကျစေရာတွင် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး ibuprofen နီးနီး အကျိုးသက်ရောက်သည်ကို တွေ့ခဲ့ကြသည်။

၈။ မက်မွန်သီး
ဆေးကုမ္ပဏီများကနေ ၎င်းကို ထုတ်ပိုးပြီး ဆေးအဖြစ်တောင် ရောင်းသင့်သော အသီး ဖြစ်သည်။ သူတို့သည် သွေးတွင်း ကိုလက်စထရောကို ကျစေပြီး သွေးအချိုဓာတ်ကို ထိန်းညှိပေးသည်။ သူတို့တွင် ပါဝင်သော အမိုင်နိုအက်ဆစ်သည် တက်စထရိုစတီရုန်းဓာတ်ကိုလည်း တိုးမြင့်စေသည်။ ”အခွံမခွာဘဲ စားပါ။ antioxidant (ကင်ဆာတိုက်ဖျက်သော ဓာတ်) ပိုမိုရရှိမည်ဖြစ်သည်။” ဟု Bowerman က ဆိုခဲ့သည်။


၉။ နှမ်းစေ့
ငါးတစ်ကောင်တည်းစားရမှာထက် ပိုပြီး ကောင်းသော အဆီဓာတ်များရလိုလျှင် နှမ်းများကနေ ယူပါ။ “သူတို့သည် ကိုယ့် ဦးနှောက်အတွက် ကောင်းစေပြီး ဆန်ဂျုံများနှင့် ရောလျှင် အရသာလည်း ကောင်းစေသည်။” Andrew ကဆိုသည်။ တစ်နေ့ကို ၁၀ ဂရမ်လောက်တော့ ရအောင်စားပါ။
၁၀။ နာနတ်သီး
ဗီတာမင်များ၊ antioxidants များနှင့် အင်ဇိုင်းများ ပေါင်းစပ်ပါဝင်ထားသော ဤအသီးသည် အစွမ်းထက်လှသော အရောင်ကျဆေးကြီးဖြစ်သည်။ “သူတို့သည် အမြင်အာရုံချို့ယွင်းခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်းနှင့် အူမကြီး ကင်ဆာတို့ကို ကာကွယ်ပေးသည်။” ဟု Greiger ကဆိုသည်။

No Response to "ရောင်ရမ်းခြင်းကာကွယ်နိုင်သောသဘာဝအစားအစာများ"

Leave A Reply

na pil na siam na te hong hawm sawn ve.....

About

lungdam mahmah ei