Monday, August 6, 2012
ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို
ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို
ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင် အပင်များအဖြစ်
အသုံးပြုနိုင်ပါသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည်
အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ
ဆံပင်များရှည်လျား စေသည့် အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
ကြက်သွန်ဖြူမှာ ထုတ်နုတ်ထားသော ပစ္စည်းများပါသည့် ခေါင်းလျှော်ရည်များသည်
ဆံပင်ကို သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ကျိုးကြေခြင်း တို့ကို
ကာကွယ်ပေးသည့်အပြင် ဆံကေသာကို တောက်ပြောင်လှပလာစေသည်။
ဆံပင်ခြောက်သွေ့နေသူများနှင့် ဦးရေပြားယားယံတတ်သူများလည်း ကြက်သွန်ဖြူကို
ယားယံမှုများမှ သက်သာစေရန် အသုံးပြုနိုင်သည်။
ဆံပင်ကျွတ်ခြင်းအတွက် ညအိပ်ရာမဝင်မီ တစ်နာခန့်အလိုတွင်
ကြက်သွန်ဖြူတစ်မြွှာအား အလွှာလိုက်လှီးကာ ဆံပင်ကျွတ်နေသောနေရာတွင်
ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီနှင့်
နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင်
ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်ကြာ
ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။
ကြက်သွန်နီ
ကြက်သွန်နီတွင်
အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ ဘီစစ်၊
ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။
ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင်
ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။
ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို
ဦးရေပြားပေါ်တွင် တိုက်ရိုက်လိမ်းလိုက်ပါ။ ထို့နောက် ဆံပင်အရင်းအထိ
စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက
ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက
လအနည်းငယ်အတွင်း ဆံကေသာ သန်စွမ်းလာစေ နိုင်ပါသည်။

No Response to "ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို"
Leave A Reply
na pil na siam na te hong hawm sawn ve.....